المدة الزمنية 4:49

UNHCR နဲ့ WFP ယာဉ်တန်း မင်းတပ်မြို့ပေါ်ရောက်ရှိလာပြီးအခြေအနေကို ပြောကြားချက် - BBC News မြန်မာ

44 860 مشاهدة
0
1.2 K
تم نشره في 2021/07/20

ချင်းပြည်နယ်၊ မင်းတပ်မြို့ထဲက ဒုက္ခသည်တွေကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ယာဉ်တန်းဟာ မင်းတပ်မြို့ပေါ်က စစ်ကောင်စီအသိအမှတ်ပြု ဒုက္ခသည်စခန်း ရှစ်ခုခန့်ဆီကို ကယ်ဆယ်ရေးပစ္စည်းတွေနဲ့အတူ ဇူလိုင်လ ၁၈ ရက်နေ့က ရောက်ရှိလာပါတယ်။ စစ်ဘေးရှောင်ပြည်သူအများစုဟာ မြို့နဲ့ဝေးတဲ့နေရာတွေမှာရောက်ရှိနေတာကြောင့် အမှန်တကယ်လိုအပ်တဲ့နေရာကို ဖြန့်ဝေပေးဖို့ တောင်းဆိုမှုတွေလည်းရှိနေပါတယ်။ ကုလဘက်ကလည်းအခြေအနေတွေနဲ့ စိုးရိမ်ချက်တွေကို သိနားလည်ဖို့ လူထု၊ ဘာသာရေးအဖွဲ့အစည်းအသီးသီးနဲ့ တွေ့ဆုံသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ မင်းတပ်က အခြေအနေကို Mindat township IDP Camp Main Committee က ကိုလောရင့် ကို မအိမ့်ခိုင်ဦးက မေးမြန်းထားပါတယ်။ ဘီဘီစီမြန်မာပိုင်း

الفئة

عرض المزيد

تعليقات - 33