المدة الزمنية 7:30

ဗောဇ္စျင်္ဂသုတ် (ပါဠိ+မြန်မာပြန်)

6 394 مشاهدة
0
77
تم نشره في 2021/06/19

# 🙏🙏🙏 ဗောဇ္စျင်္ဂသုတ်ကို မကျန်းမာသည့်အခါ ရွတ်ဖတ်ပူဇော်ပါ..... # လူငယ်လူကြီး ၊ ဖျက်ဆီးအများ ၊ နာဖျားတာရှည် ၊ မတည်စိတ်စက် ၊ မသက်မသာ ၊ ရှိသောခါလျင် ၊ မဟာဗောဇ္စျင် ၊ ပရိတ်ပင်တည်း....🙏🙏🙏 # နတ်အပေါင်းတို့ ချစ်ခင်စောင့်ရှောက်သော/ထက်ဝန်းကျင် အရပ်ဆယ်မျက်နှာမှ ကျရောက်ဆဲ / ကျရောက်လတ္တံ့သော ဘေးအန္တရာယ်အသွယ်သွယ်တို့ကို တားဆီးကာကွယ်စောင့်ရှောက်တတ်သော /ကောင်းကျိုးချမ်းသာ ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံစေသော /နိဗ္ဗာန်တိုင်အောင် အကျိုးရစေနိုင်သော # တရားနာ မိတ်ဆွေသူတော်ကောင်း အပေါင်းတို့ စိတ်နှလုံးအေးချမ်းမှုရရှိပါစေ..... # တရားတော်များကို ဆက်လက် တင်ပေးမည် ဖြစ်ပါသည်။ # တရားတော် ဓမ္မရတနာ Channel သို့ ဖိတ်ခေါ်ပါတယ်။ # (တရားတော်များကို နှစ်သက်မှုရှိပါက) တရားတော်များ မျှဝေတိုင်းသိရှိနိုင်ရန် Channel ကို စာရင်းသွင်း(Subscribe)ပြုလုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်... #ပရိတ်ကြီး၁၁သုတ် #ဗောဇ္စျင်္ဂသုတ် #တရားတော်များ #ဗောဇ္စျင်္ဂသုတ်ပါဠိမြန်မာပြန် Special Prayers for everyone ~~~~~~~~~~~~~~~~~ သဘာဝရဲ့ ဘေးအန္တရယ်နှင့် ဒုက္ခဆင်းရဲတို့ကို ခံစားနေရသော လူ၊ နတ်၊ သတ္တဝါတွေ၊ ***ဘေးဒုက္ခအန္တရယ်များကို ကျော်လွှားနိုင်ကြပါစေ... ***ဘေးဒုက္ခခပ်သိမ်း ငြိမ်းကြပါစေ.. ***ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ.. ***ကျန်းမာ..ချမ်းသာ ကြပါစေ... ***ကောင်းကျိုးလိုရာဆန္ဒများ..ပြည့်ဝ ကြပါစေ... ကျွန်တော်၊ ကျွန်မတို့ သည် ဗုဒ္ဓ၏ တရားတော်များကို ဤ Channel တွင် ပူဇော်တင်ပြရသော ကုသိုလ်အဖို့ဘာဂကို တရားနာကြရကုန်သော လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့နှင့် တကွ ၃၁-ဘုံသားတို့ အား အမျှပေးဝေ လိုပါသည်။ အားလုံး အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာပြီး မြတ်ဗုဒ္ဓ၏ တရားတော်များ ရင်ဝယ်ပိုက်၍ ထာဝရ ငြိမ်းအေးကြပါစေ.... သူတော်ကောင်း၊ သူမြတ်လောင်းတို့ ပေးပို့သော ကုသိုလ် အဖို့ဘာဂ နှင့် အမျှကိုလည်း ကျွန်တော်၊ ကျွန်မတို့ က ဝမ်းမြောက် ဝမ်းသာ သာဓု အနုမောဓနာ ခေါ်ဆိုပါကုန်၏.... အားလုံး.....အမျှ....အမျှ....အမျှ....ယူတော်မူကြပါကုန်လော့............. သာဓု....သာဓု.....သာဓု....... 🙏🙏🙏 ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတုု......ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု.......ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု....... သာဓု....သာဓု.....သာဓု.......🙏🙏🙏 # Credit: Photo from https://facebook.com/ # Credit: Effect from https://directorzone.cyberlink.com/ # Credit: Start song from ဘဝသံသရာ Harp song

الفئة

عرض المزيد

تعليقات - 1